CNO/CNDF ထံ လက်နက်နှင့်အတူ အလင်း၀င်လာသည့် ခလရ (၂၆၈) တပ်ရင်းမှ တပ်သား ကို သိန်း (၆၀) ချီးမြှင့်
****************
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ထံသို့ ဖလမ်းမြို့ စစ်ကောင်စီ ခလရ (၂၆၈) ခြေလျင်တပ်ရင်းမှ တပ်သား ဇင်မျိုးအောင် ၊ ကိုယ်ပိုင်အမှတ်(တ-၅၇၂၆၂၄) သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ သတင်းပြန်ကြားရေးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ အလင်းဝင်ရောက်လာသူ တပ်သား ဇင်မျိုးအောင် သည် MA-1 (၁) လက်၊ ကျည်ဆံ (၁၅၀) တောင့် နှင့် အီနာဂါဗုံးသီး (၄)လုံး ကိုယူဆောင်လာခဲ့ပြီး CNO/CNDF မှ ဂုဏ်ပြုငွေ ကျပ်သိန်း (၆၀) ချီးမြှင့်ခဲ့တယ်လို့ သိရှိရပါတယ်။